အောက်တိုဘာ ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲပြီဖြစ်တဲ့ စတိဗ်ဂျော့ဘ်ဆိုတာ ကမ္ဘာ့နည်းပညာနဲ့ စီးပွားရေးနယ်ပယ်မှာ အထင်ကရ ပုဂ္ဂိုလ်ကြီး၊ ဘီလျံနာကြီးပါ။ သူ့ဘဝမှာ အောင်မြင်မှုတွေနဲ့အတူ အားလုံးပြီးပြည့်စုံခဲ့တယ်လို့ ထင်မြင်ရယူဆရမှာပါ။ ဒါပေမယ့် လူဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံခြင်း မရှိနိုင်ဘူးဆိုတဲ့အတိုင်း စတိဗ်ဂျော့ဘ်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

 steve jobs

Read More »

(1) Comment    Read More   
Posted on 15-05-2011
Filed Under (ကဗျာ, အမှတ်တရ) by ကေဂျွန်

ဖြတ်သန်းပြီးတဲ့ နှစ်ပေါင်း ၃၉ မှာ …
အဆိုးအကောင်း အဖြစ်အပျက်အဖုံဖုံနဲ့
အမှတ်တရမျိုးစုံကို ကြုံတွေခဲ့ရဖူးပြီ။

ဒီ ၃၉ နှစ် သမိုင်းမှာ …
ယုံကြည်ရတဲ့ မိတ်ဆွေတွေ များသလောက်
သစ္စာဖောက်ပြားတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့တယ်။
ကိုယ်ဟာ … အခိုင်းခံရတဲ့ အလုပ်သမားဖြစ်သလို
ခိုင်းစေခွင့်ရတဲ့ အလုပ်ရှင်လည်းဖြစ်တယ်။
ငွေအတွက် အရောင်ဆိုးခံရသူတွေကို တွေ့ခဲ့ပြီး
ငွေကြောင့် အရောင်တောက်ပသွားသူတွေလည်း မြင်ဖူးတယ်။
နေရာတစ်ခု လုပ်ပိုင်ခွင့် တစ်စုံတရာကြောင့်
ဟောက်စားလုပ် မာန်တက်သူ လူ့ချဉ်ဖတ်တွေ ရှိသလို …
အမြင့်ရောက်လေ သံဝေဂတရားနဲ့
စာနာထောက်ထားတတ်သူတွေလည်း လေးစားဖွယ် တွေ့ရတယ်။

ဒီအသက် ဒီအရွယ်မှာ …
အကြားအမြင်ဆရာ မဟုတ်ပေမယ့်လည်း
လူကဲခတ် အတွေ့အကြုံအရတော့
ဘဝအတွက် ဆောင်ရန် ရှောင်ရန် လူစာရင်းတစ်ခု
ပြုစုထားနိုင်ခဲ့ပြီ။

၃၉ ပြီးရင် ၄၀ ဆိုတာ
လူတွေသတ်မှတ်ထားတဲ့ ကိန်းဂဏန်းအစီအစဉ်ပဲဆိုရင်
ပြင်ဆင်မှုလုပ်ကြည့်ချင်သေးတယ်။

- ကေဂျွန် (မေ ၁၅၊ ၂၀၁၁ ခုနှစ်)

မှတ်ချက်စကား - ဘလော့ဂ်မှာ စာမရေးဖြစ်တာ တစ်နှစ်တာနီးပါး ရှိခဲ့ပါပြီ။ အဓိက အကြောင်းကတော့ ပိတ်ဆို့ထားတွေကို ကျော်ရခွရတာ အဆင်မပြေတာရယ်၊ နောက် အာရုံမကျတာရယ်ကြောင့်လို့ ဆိုရမှာပါပဲ။ အခုတော့ ပြန်ရေးမယ်စိတ်ကူးမိတာနဲ့ ၃၉ နှစ်ပြည့် အမှတ်တရ ကဗျာတစ်ပုဒ်နဲ့ ပြန်စလိုက်တာပါပဲ။

(0) Comments    Read More   

အခုတလော အဟော့ဆုံးသတင်းကတော့ နာမည်ကြီး မင်းသမီး ထက်ထက်မိုးဦးနဲ့ သတင်းထောက်တစ်ယောက်တို့ ပြဿနာဖြစ်တဲ့ သတင်းပါပဲ။ ထက်ထက်မိုးဦးကို သတင်းထောက်က အင်တာဗျူးရာမှာ အဆင်မပြေဖြစ်ကြပြီး ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်လိုက်တယ်ဆိုတာပါ။ ဂျာနယ်တစ်စောင်မှာ သတင်းထောက်က တရားစွဲထားတယ်လို့ ဆိုပါတယ်။ သေချာတာက နှစ်ယောက်စလုံးဟာ လူသားတွေမို့ အတ္တတွေ မသိစိတ်မှာ ရှိနေကြမှာ အမှန်ပါ။ အနုပညာရှင်ကလည်း “မာန်မာန ရှိနိုင်သလို” မေးတဲ့သတင်းထောက်ကလည်း ကိုယ့်ရဲ့အင်တာဗျူး အတွက်ကိုသာ အလေးထားပြီး “အမေးခံရသူနေရာမှာ ကိုယ်သာဆိုရင်” ဆိုတဲ့အတွေး ရှိချင်မှ ရှိပါလိမ့်မယ်။ Read More »

(0) Comments    Read More   
Posted on 15-05-2010
Filed Under (ကဗျာ, အမှတ်တရ) by ကေဂျွန်

၃၈ပြည့်ပြီ
အလီလီကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေကို
လည်ပြန်မကြည့်လိုဘူး။

နောင်လာမယ့် ကာလအတွက်လည်း
အကွက်ချ အစီအစဉ်တွေနဲ့
ကြိုတင်ရင်မခုန်ချင်။

လက်ရှိအချိန်မှာပဲ
စိန်ခေါ်မှုတွေကို ဖိနပ်လိုစီးနင်းလို့
မပြီးသေးတဲ့ခရီး ဆက်ဦးမယ်။

(ကေဂျွ န်) မေ ၁၅ ၂၀၁၀ သောကြာ။

(3) Comments    Read More   

ဒီနှစ်သင်္ကြန်လေးရက်မှာ ဘယ်မှမသွားလို့ ဆုံးဖြတ်ထားတာကြောင့် အိမ်မှာပဲ စာဖတ်ရင်း၊ အိမ်သန့်ရှင်းရေးလုပ်ရင်း မိသားစုနဲ့ အချိန်ကုန်စေပါတယ်။ သင်္ကြန်ရက်ဆိုတော့ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်လို့လားမသိ လျှပ်စစ်မီးက သင်္ကြန်လေးရက်မှာ အတော်လေးကို သဘောကောင်းပါ့။ အရင်ကထက် မီးလာချိန် သိသိသာသာများပါတယ်။ သင်္ကြန်လေးရက်ကတော့ မီးလာချိန်ပိုများတာကို ခံစားရတာက တောသား မြို့ရောက်သလိုပါပဲ။ သင်္ကြန်အကြတ်နေ့ သုံးနာရီဝန်းကျင်လောက် ဖြစ်ပါတယ်။ မီးလာတော့ သားနှစ်ယောက်က တီဗီနဲ့ အငြိမ့်သား။ ကျွန်တော်လည်း မဖတ်ရသေးတဲ့ ဂျာနယ်တွေ ဘေးချလို့ အေးအေးလူလူ စာထိုင်ဖတ်နေချိန်ပေါ့။ ဇနီးဖြစ်သူက မီးဖိုချောင်ခန်းထဲမှာ ကျွန်တော်တို့စားဖို့ ပြောင်းဖူးပြုတ်နေလေရဲ့။ ခဏအကြာ မီးဖိုးခန်းထဲကနေ ကျွန်တော့်ဇနီးရောက်လာတယ်။ တစ်ခုခုဖြစ်တယ်ထင်တယ်၊ ကားဘီးပေါက်သံလို အသံကျယ်ကျယ် သုံးခါဆက်တိုက် ကြားလိုက်ရတယ်၊ ရှင်တို့ မကြားဘူးလားလို့ ဆိုပါတယ်။ ကျွန်တော်တို့က အိမ်ရှေ့ခန်းထဲမှာ အဲယားကွန်းဖွင့်ထားတော့ တံခါးတွေ အလုံပိတ်ထားတာမို့ မကြားမိကြောင်း၊ ကားဘီးပေါက်တာ၊ ဒါမှမဟုတ် ထရန်စဖော်မာ ပေါက်တာပဲ ဖြစ်မှာပါလို့ ပြောလိုက်တယ်။ ကျွန်တော့်ဇနီးကတော့ တစ်ခုခုဖြစ်တယ်လို့ ထင်နေတုန်းပါပဲ။ သိပ်မကြာပါဘူး။ သူထင်တာ မှန်တယ်ဆိုတာ သိလိုက်ရပါတော့တယ်။

Read More »

(3) Comments    Read More   
Posted on 10-03-2010
Filed Under (အတွေးစာစု, ဆောင်းပါး) by ကေဂျွန်

၁။ ပြည်တွင်းဈေးကွက် အသီးသီးမှာ ဝယ်လိုအားတွေ မြင့်တက်လာနိုင်တယ်။ နိုင်ငံသားတွေ ဝင်ငွေတိုးလာလို့။ ငွေကြေးဖောင်းပွတယ်ဆိုတာ အချို့နိုင်ငံတွေလောက် မဆိုးသေးပါဘူး။

၂။ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ မြင်တွေ့ရမယ့်အချိန် ရောက်လာတော့မယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ ကိုယ့်နိုင်ငံဆီ ခြေဦးပြန်လှည့်လာကြမယ်။ ပြည်တွင်း ကုမ္ပဏီတွေလည်း ဝန်ထမ်းကိုင်တွယ်ထိန်းသိမ်းမှုကို ဂရုတစိုက် ဆောင်ရွက်လာရလိမ့်မယ်။

၃။ ဆက်သွယ်ရေးတို့၊ ဖျော်ဖြေရေးတို့လို ကဏ္ဍတွေမှာ လူတွေ ရွေးချယ်စရာ များလာမယ်။ အက်ဖ်အမ်တွေပေါသလို တီဗီချန်နယ်တွေများလာမယ်။ ဖုန်းတို့၊ အင်တာနက်တို့လည်း ပိုပြီးသုံးလာနိုင်မယ်။ ဒါပေမယ့် မီဒီယာကတော့ ပုံနှိပ်နဲ့ တီဗီလို မီဒီယာတွေပဲ ပန်းပန်နေအုံးမယ်။

၎။ လူငယ်တွေ လွတ်လပ်ပွင့်လင်းမှု လွန်ကဲတာတွေ ဖြစ်လာနိုင်တယ်။ လက်ထပ်ထိမ်းမြားတယ်ဆိုတဲ့ အနှစ်သာရ လျော့ပါးလာမယ်။ လက်မထပ်မီ အတူနေတာမျိုးက သိပ်မဆန်းတော့သလို ဖြစ်လာနိုင်တယ်။

၅။ နယ်ပယ်အသီးသီးမှာ ငွေကြေးနဲ့ ပညာက အရေးပါလာမယ်။ ပညာကို ငွေနဲ့ချိန်စက် ဝယ်ရနိုင်သလို ပညာကြောင့်လည်း ငွေတွေက ဝင်လာမစဲ တသဲသဲ ဖြစ်လာနိုင်တယ်။

***သူငယ်ချင်း ၅ယောက်ဆုံဖြစ်တုန်း ဟိုအကြောင်း ဒီအကြောင်း ပြောကြရင်းက ကိုယ့်ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းမှာ လက်ရှိနဲ့ နောက်ပိုင်းဖြစ်လာနိုင်တဲ့ အချက်တွေကို ဘာရယ်မဟုတ် သုံးသပ်ကြည့်မိတာပါ။ ကျွန်တော်အပါအဝင် သူငယ်ချင်း ၅ယောက်စလုံးက ဘာကောင်မှ မဟုတ်ကြပါ။ ကိုယ့်ထင်မြင်ချက်လေးတွေကို အချင်းချင်း ပြောဖြစ်ကြတဲ့ သဘောလောက်ပါပဲ။

(1) Comment    Read More   

မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမားတွေ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ပြန်လည်တာဝန်ထမ်းဆောင်မှုပြု မပြု ဆုံးဖြတ်အကြောင်းပြန်ရမည်ဆိုသော သတင်းမှာ မြန်မာဘောလုံးလောကတွင် အတော်လှုပ်ခတ်ခဲ့၏။ လက်ရှိ နေရှင်နယ်လိဂ်တွင် ကစားနေသော ဘောလုံးသမား အများစုမှာ ဝန်ကြီးဌာနများသို့ ပြန်လည်သွားရောက် အလုပ်လုပ်မည်ဟု စာရင်းပေးလာကြောင်းလည်း သတင်းတွေ ဖတ်ရသည်။ ထို့ကြောင့် လက်ရွေးစင်အသင်းကြီးအတွက် ကစားသမားကောင်းရဖို့ ခက်ခဲမည်စသဖြင့် ဝေဖန်မှုတွေလည်း တွေ့ရသည်။ ဘယ်လိုဖြစ်ဖြစ် ယခုကဲ့သို့ နိုင်ငံ့သမိုင်းမှာ မရှိခဲ့ဖူးသည့် လစာမျိုး၊ ခံစားခွင့် အခြေအနေမျိုး ရနေရာမှ ကျောခိုင်းမည်ဆိုခြင်းမှာ အကြောင်းတစ်စုံတစ်ရာတော့ ရှိနိုင်သည်။ နောက်ပိုင်းဖတ်ရတဲ့ သတင်းတွေမှာတော့ ကစားသမားများ လိဂ်အသင်းတွင် ဆက်ကစားခွင့် တိုးမြှင့်ပေးထားသည်ဟု ဆို၏။

ဘယ်လိုဖြစ်ဖြစ် မြန်မာ့ဘောလုံး အဆင့်အတန်းမြင့်မားရေး ရည်ရွယ်ဖော်ဆောင်ခဲ့သော မြန်မာနေရှင်နယ်လိဂ် ဖြစ်ပေါ်လာခြင်းမှာ ဘောလုံးကစားသမားများအတွက် ကြီးမားတိုးတက်သည့် အပြောင်းအလဲကြီးလည်း ဖြစ်ခဲ့သည်။ ထိုအပြောင်းအလဲအစတွင် သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားပြု ကစားသမားများမှာ လိဂ်အသင်းများသို့ ၂နှစ်သွားရောက် ကစားနိုင်မည်ဖြစ်ပြီး ထို့နောက်တွင် မိခင်ဌာနသို့ ပြန်ရေး မပြန်ရေး ဆုံးဖြတ်ရမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယခု ထိုထက်စောသည့် ဆုံးဖြတ်ချိန် ရောက်လာသည်။ အများစုက ပြန်မည်ဟု စာရင်းပေးလာသည်။ ထိုအကြောင်းက သတင်းနှင့် အားကစားဂျာနယ်တွေမှာ ထူးခြားသတင်းဖြစ်ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ မြန်မာနေရှင်နယ်လိဂ် အသင်းများမှ ကစားသမားခေါ်ယူမှု စတင်ပြုလုပ်စဉ်က သူငယ်ချင်းပြောပြသည့် အာမခံချက်ဇာတ်လမ်းကို သတိရမိသည်။

Read More »

(1) Comment    Read More   

ZoomWit.comကို သြဂုတ်၁၀ရက် ၂၀၀၉မှာ စတင်လွှင့်ခဲ့တာပါ။ name@zoomwit.comဆိုပြီး Gmailလိုပဲ accountတစ်ခု အခမဲ့ အလွယ်တကူ လုပ်နိုင်ပါတယ်။ Rich Media Message Platform, Next Generation Messaging Service စသဖြင့် တင်စားထားပါတယ်။ ZoomWitမှာ video, audioတွေကို ကွန်ပျူတာမှာရှိတဲ့  webcamနဲ့ ရိုက်ကူးအသံသွင်းပြီး ချက်ချင်းပို့နိုင်ပါတယ်။ ဒီအချက်က ZoomWit Mailရဲ့ အားသာချက်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ မိုဘိုင်းဖုန်းတွေကို SMSလည်း ပို့နိုင်မယ်လို့ဆိုပါတယ်။ Gmailလိုပဲ အသုံးပြုသူ သန်းပေါင်းများစွာ ရှိလာနိုင်ဖို့ ZoomWitက မျှော်လင့်ထားတာပါ။ ZoomWit Corporationကို ၂၀၀၆ခုနှစ်မှာ စတင်တည်ထောင်ပြီး အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် ဖဲရားဘန်းန်ဆိုတဲ့မြို့မှာ အခြေစိုက်ပါတယ်။ အခြား email providerနဲ့ social networksတွေဖြစ်တဲ့ Gmail, Facebook, Yahoo, LinkedInစတဲ့ နေရာတွေက သူငယ်ချင်း အဆက်အသွယ်တွေကိုလည်း inviteလုပ်လို့ရပါတယ်။ Gmailလို အောင်မြင်မလား၊ သုံးရတာအဆင်ပြေမလားဆိုတာ စောင့်ကြ့ည်ရမှာပါ။ ဘာပဲဖြစ်ဖြစ် အခမဲ့ရတဲ့ ZoomWitMailကို စမ်းသပ်ကြည့်ရအောင်လား။ My ZoomWit mail account is kojohn@zoomwit.com
Press Release by ZoomWit
ZoomWit Overview
ZoomWit Help
Get ZoomWit Account

(4) Comments    Read More